MNP ၊ ဇူလိုင် ၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဝါတွင်းကာလ(၁၃)ပတ်ရှိ ဥပုသ်နေ့တိုင်းတွင် ဆရာတော်သံဃာတော်တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို မအီမြို့ပေါ် လူငယ်များ စုပေါင်းဖွဲ့စည်းထားသည့် အရုဏ်ဆွမ်းလောင်းအသင်း(မအီ)မှ ကုသိုလ်ပြုလောင်းလှူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အရုဏ်ဆွမ်းလောင်းလှူခြင်းကို မအီမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ သံဃာတော်အပါး(၆၀)ခန့်တို့အား လောင်းလှူသွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် တတိယအကြိမ်မြောက် လောင်းလှူခြင်းဖြစ်ကြောင်း၊ ဆွမ်းချက်ရန်နှင့် အခြားကိစ္စရပ်များအတွက် မတည်ငွေကို ဆွမ်းလောင်းအသင်းသူ/အသင်းသားများက ထည့်ဝင်မတည်ငွေနှင့် ယခင်နှစ်က လက်ကျန်ရန်ပုံငွေများ၊ အလှူခံရရှိငွေများဖြင့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆွမ်းလောင်းအသင်းလူငယ်များမှာ ဝါမဝင်မီ ယနေ့မှစ၍ မအီမြို့ပေါ်၌ အလှူခံထွက်ရှိလျက် ရှိပါကြောင်း၊ ဥပုသ်နေ့ရောက်လာတိုင်းလည်း စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ကဏ္ဍပ်အလိုက် လာရောက်လှူဒါန်းကြသည်ဖြစ်၍ အရုဏ်ဆွမ်းကို လုံလောက်ပြည့်စုံစွာ လောင်းလှူနိုင်ဖို့ရန်အတွက် စိုးရိမ်ဖွယ်မရှိပါကြောင်းတို့ကို အဆိုပါ ဆွမ်းလောင်းအသင်းကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားသည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment