MNP ၊ ဇူလိုင် ၇
သထုံခရိုင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊အင်းဖျားကျေးရွာရှိ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းထောစံကကျေးလက်နေ ပြည်သူ များ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ရန် မိသားစုဝင်ငွေ တိုးပွါး လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြော ကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊၊သင်တန်းသူများကို မြို့နယ်ဦး စီးမှူး ဦးမင်းထောစံက သင်ထောက်ကူ ပစ္စည်းများ လွှဲပြောင်းပေးအပ် ခဲ့သည်။ဆက်လက်၍ င်တန်းနည်းပြ ဆရာမများက အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု သင်တန်းများအဖြစ် ဆပ်ပြာရည် ပြုလုပ် နည်း ၊ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ရေချိုးဆပ်ပြာနှင့်ဆပ်ပြာခဲပြုလုပ် နည်းများကို သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တို့က လေ့လာမှတ်သားခြင်း၊ လက်တွေ့ပြုလုပ်ခြင်းများကိုဆောင်ရွက် ခဲ့ကြသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း ကို ဇူလိုင် ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၅ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment