ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး



MNP - ဇူလိုင်   ၁၄


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာရေး၊ သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ် ကင်းဝေးရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ ညနေ ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်‌ရေးရာ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းနယ်မြေအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင် ရွက်သွားမည့် တပ်ကုန်း ရပ်ကွက် နယ်မြေ(၉)၊ ရာဒါကောင်းနယ်မြေ(၁၁)နှင့် ကြာရာပတ္တီးနယ်မြေ ခြင်းဆက် ဂျူဗလီလမ်းပေ ၁၀၀၀ အား ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ရာဒါကောင်းနယ်မြေအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် နှစ်ခြင်းဘုရားကျောင်းအဝင်လမ်း ၃၄၀၀ ပေအား ကတ္တရာလမ်းခင်း ကျင်းဆောင်ရွက် နိုင်ရေး လမ်းချဲ့၍ အောက်ခံမြေသားခင်း ကြိတ်ခြင်းလုပ်ငန်းနှင့် ၂၄ ပေ အရှည် ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လုပ်ငန်း များ ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ရှမ်းစုတောင်ရပ်ကွက်အတွင်း မန္တလေးကျောင်းတိုက် လမ်းမဘေး ဝဲ/ယာ များတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၁၈ သိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ပေ ၈၀၀ အရှည် ကျောက်စီ ရေနှုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)