တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)၏ (၆၂) နှစ်မြောက် ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာ အထိမ်းအမှတ်ကွန်ကရစ်လမ်းများဖွင့်လှစ် ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်ဖူးမြော် ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)၏ (၆၂) နှစ်မြောက် ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာ အထိမ်းအမှတ်ကွန်ကရစ်လမ်းများဖွင့်လှစ် ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်ဖူးမြော် ကြည်ညို


MNP ၊ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့ အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်၏ (၆၂)နှစ်မြောက်ဝိဇာတ (မွေးနေ့) အလှူတော်မင်္ဂလာ အထိမ်းအမှတ် ကွန်ကရစ်လမ်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရဝုဏ် အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။


ဆရာတော်ဘုရားကြီး၏ (၆၂)နှစ်မြောက်ဝိဇာတ (မွေးနေ့) အလှူတော်မင်္ဂလာ အထိမ်းအမှတ် အနေဖြင့် မြကံ့ကော်လမ်း၊ မြမဟော်လမ်း၊ မြကျော်လမ်း၊ မြချင်းတွင်းလမ်း၊ မြနဝင်းလမ်း၊ မြတေဇာလမ်း၊ မြပိတောက်လမ်း၊ မြရာလမ်း စုစုပေါင်းကွန်ကရစ်လမ်း(၈)လမ်းကို ဖွင့်လှစ်ပေးခဲ့ရာ တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် ဆရာတော်၊ သံဃာတော်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာတော်ဘုရားကြီး၏ တပည့် ဒါယကာ၊ ဒါယိကာမများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဝိဇာတ(မွေးနေ့) အလှူတော်အထိမ်း အမှတ် ငြိမ်းချမ်းရေးဂျိုးငှက်များ လွှတ်ပေးခဲ့ကြသည်။


ဆက်လက်၍ ဆရာတော်ဘုရားကြီး၏ (၆၂)နှစ်မြောက်ဝိဇာတ(မွေးနေ့)အလှူတော်အထိမ်းအမှတ် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း မုခ်ဦးဖွင့်ပွဲ အခမ်းအနား ကို အဆိုပါသင်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပရာ တောင်ကလေးဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က မဟာဂန္တဝါစကပဏ္ဍိတ သုန္ဒရာရာ မကျောင်းဆရာတော် ဘဒ္ဒန္တ တေဇောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရား တော်များကို နာယူကြည်ညိုကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်ကလေး ဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် မုခ်ဦးအလှူရှင် ဦးဓမ္မကိတ္ထိ၊ ဒေါ်ဓမ္မကေသရီနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒစရိယ မဟာဂန္တ ဝါစကပဏ္ဍိတ နောင်လုံဌာန် ပတိုင် ကျောင်းဆရာတော်ဘဒ္ဒန္တဝိဇ္ဇာန္ဒထံမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။


ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း စီမံအုပ်ချုပ်ဆရာတော်ဘဒ္ဒန္တဝိဇ္ဇာန္ဒ၊ မုခ်ဦးအလှူရှင် ဆရာတော်ဘဒ္ဒန္တဓမ္မကိတ္ထိနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မုခ်ဦးအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)