မိုင်းယုမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံ

 


MNP - ဇူလိုင်  ၁၄


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့နံနက်ပိုင်းက   မြို့မရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံပေးခဲ့ကြသည်။


အဆိုပါ ကျေးရွာအုပ်စုများသို့ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရွာသူကြီးများ၊ ရပ်ကျေးစာရေးများနှင့် ကျန်းမာရေးဝန်ထမ်း များက ကွင်းဆင်းကာ အသက်(၁၈)နှစ်အထက်ဒေသခံပြည်သူ မြို့မရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)တတိယအကြိမ်ထိုးနှံသူ ၅၀ ဦးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covishield) တတိယအကြိမ်ထိုးနှံသူ(၅၀)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံပြီးသူ (၁၀၀)ဦးကို ထိုးနှံပေးနိုင်ခဲ့သည်။


မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံရန်ကျန်ရှိသော တာကြန့်ကျေးရွာ အုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက် ပြည်သူများကို သတ်မှတ်အုပ်စု စုရပ်နေရာတို့၌ ကွင်းဆင်းကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)