၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်


MNP ၊ ဇူလိုင် ၁၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးဌာနတွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ နိုင်ငံ့ဝန်ထမ်းသားသမီးများဖြစ်ကြသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၆၅ ဦးရှိပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သော ကျောင်းသား၊ကျောင်းသူ ၄၀ ရှိသည့်အတွက် ၆၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၈)ဦးကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဂုဏ်ထူးမရရှိသော်လည်း ကြိုးစားအားထုတ်မှုကြောင့် ရိုးရိုးအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးကိုလည်း အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းတို့က ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူး ရရှိသူ (၆)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ (၁၀)ဦး စုစုပေါင်း(၁၈)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဌာနအလိုက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများအတွက်  မူလတန်းတက်ရောက်သူ (၄၂၄) ဦးအတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် (၁၀၀၀၀) နှုန်း၊ အလယ်တန်းတက်ရောက်သူ (၂၄၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁၂၀၀၀) နှုန်း၊ အထက်တန်း တက်ရောက်သူ (၁၈၁) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) နှုန်း၊ တက္ကသိုလ်တန်း တက်ရောက်သူ (၁၁၇) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း (၉၆၇) ဦးအတွက် ငွေကျပ် (၁၂၂၃၅၀၀၀) ကို ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် မှန်ကန်ကောင်းမွန်သည့် သဘောထားရှိရေးအပြင် အသက်မွေးဝမ်းကျောင်းနှင့် စွန့်ဦးတီထွင်ခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို အဆင့်မီမီ တတ်မြောက်နိုင်ရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)