MNP ၊ ဇူလိုင် ၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ နေရပ်ပြန်မည့်တိုက် ပွဲရှောင်ပြည်သူ အိမ် ထောင်စု(၁၅၁)စု၊လူဦးရေ(၇၀၇)ဦးတို့အား ဇူလိုင်(၆)ရက်နေ့က ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့နံနက် (၉:၃၀)အချိန်တွင် မိုးလုံ လေလုံ အားကစားခန်းမ စုရပ်မှ ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှဦးဆောင်၍ မော်တော်ယာဉ်များဖြင့် နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူများ ပြောင်း ရွှေ့မှုကို နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေး မှူး ဦးကောင်းမြတ်ဟိန်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးစကားပြောကြားကာ ဒါးလက်အလယ်ကျွန်းကျေး ရွာသို့ မော်တော်ယာဉ်များဖြင့် စနစ်တကျ ပြန်လည်ပို့ ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment