ကလေးမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဆန်းခန်းမတွင် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များကို ဆန်(၈၆)အိတ် ပေးအပ်ထောက်ပံ့ပွဲ အခမ်းနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဆန်းခန်းမတွင် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များကို ဆန်(၈၆)အိတ် ပေးအပ်ထောက်ပံ့ပွဲ အခမ်းနားကျင်းပ



MNP - ဇူလိုင်   ၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဆန်းခန်းမတွင် ကလေးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ ဒေသကွက်ကဲရေးမှူးဗိုလ်မှူးချုပ် သန့်ဇင်ဦးက အမှာစကားပြောကြားပြီး တက်ရောက်လာသော ပြည်သူ့စစ်အဖွဲ့ဝင်များ၏ တစ်ဦးချင်း အခက်ခဲတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ဆန် (၈၆)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ ဒေသကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်နှင့် ကလေး/ကျီကုန်း တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)