သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 



MNP - ဇူလိုင်   ၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်ဥပဒေ၊ ပညာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာ‌ပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အတွင်းရေးမှူး ရဲမှူးညွှန့်လှိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးဝေဖြိုး၊ သာသနာတော်ထွန့်ကားပြန့်ပွားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ချမ်းကို၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက် ကြသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးညွှန့်လှိုင်က ရာဇဝတ်မှုဆိုင်ရာ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ဥပဒေအရာရှိ ဦးဝေဖြိုးက ဥပဒေနှင့်ပတ်သက်သော ရှုထောင့်များနှင့် ပတ်သက်၍လည်းကောင်း၊ ဆရာမ ဒေါ်မြသက်ခိုင်က သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများကိုလည်းကောင်း၊ ဆရာ ဦးမောင်နုက ကျောင်းသား/သူ များ ယဉ်ကျေးလိမ္မာ အသိပညာကိုလည်းကောင်း၊ မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ချမ်းကိုက သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးတို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)