MNP ၊ ဇူလိုင် ၂၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၁)လုံးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဌ ဗိုလ်မှုး ကျော်နိုင်ဦး၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ က လက်ပံကျွန်းကျေးရွာ ကုလားစုရွာ၌ နေအိမ် (၁)လုံးအား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၂)ရက်နေ့(၁ရး၀၀)နာရီ အချိန်ခန့်၌ ပေါင် မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊သဲကုန်ကျေးရွာ၌ လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)နှင့်လူဦးရေ(၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ( ၁၀၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) အား လည်းကောင်း၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတန်ဖိုးငွေစုစုပေါင်း (၄၉၀၃၆/-)အားလည်းကောင်း၊ယနေ့ နေ့လယ်က ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ဂွေ့ အတွင်းကျွန်းတစ်ကျွန်းဖြစ်ပြီး ရာသီပေါ်သီးနှံများကို စိုက်ပျိုးသည်နှင့်အညီ နှုန်းမြေများဖြင့်ဖွဲ့စည်းထားသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်နှင့်အညီ မြေပြိုကျမှုများလည်း ရံဖန်ရံခါ ဖြစ်ပေါ်မှုများရှိနေခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment