အင်ဂျန်းယန်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဂျန်းယန်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၉


၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် အင်ဂျန်းယန်မြို့နယ်မှ ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ဒူဝါခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါဂုဏ်ပြုပွဲအခမ်းအနား၌ အင်ဂျန်းယန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲရင့်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ (၅) ဦးအား မြစ်ကြီးနားခရိုင် ပညာရေးမှူး ဦးရဲအောင်နှင့် အင်ဂျန်းယန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ ဆရာ/မများ၊ အလှူရှင် များအား အင်ဂျန်းယန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား/သူများကိုယ်စား ဂုဏ်ထူး (၂) ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မောင်ဂျာလမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မြစ်ကြီးနားခရိုင် ပညာရေးမှူး ဦးရဲအောင်၊ အင်ဂျန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲရင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူ အင်အား(၅၀)ခန့်တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)