ကျောက်တံတားမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

 





MNP - ဇူလိုင်   ၉


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ သမဝါယမအသင်းစု လီမိတက်၏( ၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ‌ယမန်နေ့ မွန်းလွဲ၁နာရီက ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၃၇)လမ်းနှင့်(၃၈)လမ်းကြားရှိ တိပိဋက နိကာယ် မော်လမြိုင်ကျောင်းတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာပတိဦးဆန်းရွှေက ရငွေ/သုံးငွေနှင့် အရှုံးအမြတ်များ၊ အမှုဆောင်တွေရဲ့ လုပ်ငန်းပိုင်းကျွမ်းကျင်မှုကို သိရှိစေရန်နှင့် အသင်းသားများနှင့် အမှု‌ဆောင်အဖွဲ့ကွင်းဆက်မပြတ်‌စေရန်ရည်ရွယ်၍ ယခုလိုနှစ်ပတ်လည်အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပြီး အသင်းသားစာရင်းစစ်၏အစီရင်ခံစာများဖတ်ကြား၍ အသင်းသားကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။


ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းကော်မတီဥက္ကဋ္ဌ ဒေါ်အေးသူမြင့်က သဘာပတိအဖြစ်ဆက်လက်ဆောင်ရွက်ခဲ့ပြီး အမှုဆောင် အသစ်(၇)ဦးအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီရွေးချယ်တင်မြှောက်၍ တာဝန်များခွဲဝေသတ်မှတ်ပေးပြီး အမှုဆောင်ဒါရိုက်တာနှင့် အသင်းသားစာရင်းစစ်များမှ ကတိသစ္စာခံယူခဲ့ကြသည်။


အခမ်းအနားကို မွန်းလွဲ ၂:၃၀တွင် ရုတ်သိမ်းခဲ့ပြီး အခြေခံသမဝါယမအသင်း(၄၂)သင်းမှ တက်ရောက်လာသော အသင်းသားကိုယ်စား လှယ်(၂၈)ဦးအား အမှတ်တရပစ္စည်းများနှင့် စုဆောင်းငွေပေါ်အမြတ်များထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေဇင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)