ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်



MNP - ဇူလိုင်   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပစေရန် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းတွင် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်ဝင်းနှင့် စည်ပင်ဝန်ထမ်းများမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် နယ်မြေခံတပ်အသီးသီးမှ အရာရှိစစ်သည်များ ပူပေါင်း၍ အခြေခံပညာ အထက် တန်းကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်လင်းခြင်းအမှိုက်များကို မီးရှို့ခြင်းများ ပြုလုပ်ပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း ပြင်ပတ်ဝန်းကျင်ရှိ ခြုံနွယ်များရှင်းလင်းခြင်း အုန်းလက်များ ကောက်ယူပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုနောက် အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းရေးပြုလုပ်နေမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အမှတ်(၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသိန်းထိုက်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် စီမံအဖွဲ့ဝင်များမှ အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းရေး ပြုလုပ်နေမှုများကို ကြည်ရှု့၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း ဥပတိရုပ်ကောင်းမွန်လှပစေရန် မှာကြာသွားကြောင်းနှင့် အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)