ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

 



MNP - ဇူလိုင်  ၂၇


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ကာယဗမောင်ပြိုင်ပွဲကို ကျင်းပရာ ၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇၀ ကီလိုတန်း၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုတန်းအထက် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ Man Sport Physique အားကစားသမားများ၊ မယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၅ ပေ ၃ လက်မအောက်နှင့် ၅ ပေ ၃ လက်မအထက် မယ်များ၊  FITNESS PHYSIQUE ပြိုင်ပွဲဝင်မယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ၆၀ ကီလိုတန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကာယဗလမောင် များအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ၆၅ ကီလိုတန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကာယဗလမောင်များအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးက ၇၀ ကီလို တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များအား လည်းကောင်း၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးက ၇၅ ကီလိုတန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကာယဗလမောင် များအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ၇၅ ကီလိုတန်း အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့် ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က Man Sport Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များကို ဆုများ ပေးအပ်ချီးမြှင့်ပေးသည်။  ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ကာယကြံ့ခိုင်မှုမယ် ၅ ပေ ၃ လက်မ အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မယ်များအားလည်းကောင်း၊ စစ်တွေတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က ၅ ပေ ၃ လက်မအထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မယ်များအားလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက FITNESS PHYSIQUE ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ပြိုင်ပွဲဝင်မယ်များအားလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲများတွင် ပထမဆုရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်နှင့် ငွေသားဆု ၁၅၀၀၀၀ ကျပ်၊ ဒုတိယဆုရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် ၁၀၀၀၀၀ နှင့် တတိယဆု ရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်နှင့် ငွေသားဆု ၇၀၀၀၀ ကျပ်စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)