မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား တက်ရောက်




MNP - ဇူလိုင်   ၉


မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့်အားကစားလိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ  အရည်အသွေးမြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နေ့က မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသား၊ အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကာ အားကစား ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရအောင်ပွဲဝင် ပြည်နယ် ဘတ်စကက်ဘော အမျိုးသားအသင်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)