ကျောက်ကြီးမြို့နယ် လမ်းဦးစီးဌာနမှ စစ်ပင်ကွန်ကရစ်တံတားအား စစ်ကြောင်းလုံခြုံရေးဖြင့် ပြင်ဆင်မှုပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ် လမ်းဦးစီးဌာနမှ စစ်ပင်ကွန်ကရစ်တံတားအား စစ်ကြောင်းလုံခြုံရေးဖြင့် ပြင်ဆင်မှုပြုလုပ်



MNP - ဇူလိုင်   ၉


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် လမ်းဦးစီးဌာနမှ ကျောက်ကြီး-နတ်သံကွင်း ကားလမ်းမပေါ်ရှိ စစ်ပင်ကွန်ကရစ်တံတားအား ယမန်နေ့ ည ၇ နာရီအချိန်က တပ်မတော်စစ်ကြောင်း လုံခြုံရေးဖြင့် သွားရောက်၍ ပြန်ဆင်မှု အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။


ကျောက်ကြီး-နတ်သံကွင်း ကားလမ်းမပေါ်ရှိ စစ်ပင်ကွန်ကရစ်တံတားမှာ ဇွန်လ ၃၀ ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခံရပြီး၊ ဇူလိုင်လ ၅ ရက်နေ့က ပြင်ဆင်ရန်သွားရောက်စဉ် စနိုက်ပါ/လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ယခုအခါမှ ပြင်ဆင်မှု အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျောက်ကြီး-နတ်သံကွင်း ကားလမ်းမပေါ်ရှိ စစ်ပင်ကွန်ကရစ်တံတားသည် ကျောက်ကြီးမြို့နယ်နှင့် အခြားမြို့နယ်များအား ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေး၊ စီးပွားရေးအတွက် အဓိက ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တံတားတစ်စင်းဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)