မိုးကုတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးရံ ပြိုကျခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးရံ ပြိုကျခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပွား




MNP - ဇူလိုင်   ၃၁


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကချင်ရပ်တွင် တောင်ကမ်းပါးပြိုကျခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရမှု မရှိခဲ့ကြောင်း သိရသည်။


ထို့အတူ ယမန်နေ့နံနက်(၁၁)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် မိုးကုတ်-မန္တလေး ကားလမ်းရှိ နန်းနွဲ့ရွာနှင့် ဘုရားသုံးဆူရွာကြား ကားလမ်း၌ သစ်ပင်များပြိုလဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြရာ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သစ်ပင်များ ပြိုလဲခဲ့မှုကြောင့် အဆောက်အဦနှင့် လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။


သတင်း - နန်းခွာညိုနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)