ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲတော် (စတုတ္ထအကြိမ်) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲတော် (စတုတ္ထအကြိမ်) ကျင်းပ



MNP - ဇူလိုင်   ၃၁


သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ရာသီဥတုကို အထောက်အကူပြုစေပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားပေါကြွယ်ဝစေရန် ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲ(စတုတ္ထအကြိမ်) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင် ကွက်သစ်အနီးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။


သစ်ပင်စိုက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း မိုးရာသီအကြိုသစ်ပင်စိုက်ပွဲ (၈)ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပွဲ(၄)ပွဲ ကျင်းပပြီးစီးခဲ့ပြီး လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်ပေါင်း (၉၃၀၃)ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားကို သစ်တောသယံဇာ တများရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး သစ်ပင်ပေါင်း ၁၄၃၁ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီတွင် သစ်ပင်ပေါင်း ၃၇၀၀၀၀ ကျော်စိုက်ပျိုးရန် လျာထားပြီး လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း၊ လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသို့ ဖြန့်ဝေစိုက်ပျိုးခြင်း၊ ပြည်သူများသို့ဖြန့်ဝေစိုက်ပျိုးခြင်း၊ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များသို့ ဖြန့်ဝေစိုက်ပျိုးခြင်းဖြင့် သစ်ပင်ပေါင်း ၃၃၅၆၁၈ ပင် သစ်မျိုးပေါင်း ၁၆ မျိုးကို ဖြန့်ဝေစိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်သန် စေရန်အရေးကြီးပြီး စိုက်ပျိုးပြီးသည့်သစ်ပင်များကို စနစ်တကျပြုစုထိန်းသိမ်းခြင်းနှင့် ရှင်သန် အောင်မြင်သောသစ်ပင်များကို ဖျက်ဆီးမှုဘေးအန္တရာယ်အမျိုးမျိုးမှ ထိန်းသိမ်းကာကွယ်ပေး ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံဂေါက်ကွင်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူထံ ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက တက်ရောက်လာသူများနှင့်အတူ မဟော်ဂနီပင်များအား တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၏ မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)