လောင်းလုံးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြခြင်းအခမ်းအနားကျင်းပ

 


MNP - ဇူလိုင်   ၃၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြောသြဇာ၊ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ တောင်ဦးသီးညွှန့်လယ်ကွင်း၌ ပြုလုပ်သည်။


ထို့သို့ပြုလုပ်ရာတွင် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှမြို့နယဦးစီးမှူးဦးတိုးလွင်က ဒေသအတွင်းရှိ လယ်ကွင်းများ မိုးစပါးအထွက်နှုန်းကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတိုးလွင်နှင့်ဝန်ထမ်းများ၊ လယ်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တောင်သူများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)