ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်စေရန် ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များနှင့် ပြည်သူများအားထပ်ဆောင်းကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်စေရန် ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များနှင့် ပြည်သူများအားထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

 


MNP - ဇူလိုင်   ၃၁


အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိအခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စု များအလိုက် ရဟန်းရှင်လူများအားအခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အမှတ်(၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်နှင့် အမှတ်(၄၈)ရပ်ကွက်ဓမ္မာရုံတို့တွင် စုရပ်သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှုရာနှုန်း ပြည့်မီလွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် သံဃာများနှင့် ပြည်သူ များအားယနေ့ နံနက်ပိုင်းတွင် ကျန်းမာ‌ရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့‌ကြောင်းသိရ သည်။


အဆိုပါဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှသံဃာ(၁၃၈)ပါး၊ အမှတ် (၄၈)ရပ်ကွက်၊ဓမ္မာရုံတွင် (၂၅၅)ဦး၊ (၃၈)ရပ်ကွက်မင်္ဂလာအေးကျောင်းတိုက်တွင်(၁၄၂)ဦး၊ စုစု ပေါင်းသံဃာ(၁၃၈)ပါးနှင့် ပြည်သူ(၃၉၇)ဦးတို့အား Myancopharm နှင့် Covishield၊ Sinovac ကာကွယ်ဆေးများကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီအသင်းဝင်များ၊ ပရဟိတအဖွဲ့များ၊ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)