ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စက်မှူဇုန်များအလိုက် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် Booster Dose (Covid Shield) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စက်မှူဇုန်များအလိုက် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် Booster Dose (Covid Shield) ထိုးနှံပေး



MNP - ဇူလိုင်   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်များအလိုက် စက်ရုံဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (Covid Shield) အား West Wood စက်ရုံဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ West Wood စက်ရုံဝန်ထမ်းများ Booster Dose(Covid Shield) ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စက်ရုံမှတာဝန်ခံများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


၎င်းနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး WestWood စက်ရုံမှယခင် first dose  Covaxin (၁၄၀) ဦးနှင့် ဇူလိုင်လ(၃၀)ရက်နေ့ Booster Dose(Covid Shield) ထိုးနှံသူ WestWood စက်ရုံဝန်ထမ်း (၂၄၉) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အမှတ် (၇) ဒေသန္တရ ကျန်းမာရေးဌာနတွင်လည်း နေ့စဉ်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သတင်းရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)