ပုဇွန်တောင်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီ လာရောက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီ လာရောက်ရောင်းချပေး



MNP - ဇူလိုင်   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ ရပ်ကွက်‌နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင် ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd. မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီအား တစ်ပိဿာလျှင်  ၃၈၀၀/-နှုန်းဖြင့်  အမှတ်(၇)ရပ်ကွက်၊ လိပ်ကန်လမ်းနှင့်ဦးရွှေဂွန်းလမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd. မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီအား တစ်ပိဿာလျှင်  ၃၈၀၀/-နှုန်းဖြင့် ပြည်သူများအား  လာရောက်ရောင်းချပေးရာသို့ ရပ်ကွက်နေပြည်သူများမှ စနစ်တကျဝယ်ယူနိုင် ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)