MNP - ဇူလိုင် ၁၅
၂၀၂၂ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးမြို့နယ် အသင်းနှင့်နမ့်ခမ်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးမြို့နယ်အသင်းမှ (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ကျိုင်းတုံအသင်းနှင့် မဘိမ်းမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၂)သိန်းစီ တို့ကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ အမျိုးသမီး ဒုတိယဆုရရှိသော လားရှိုးအသင်းအား တစ်ဦးချင်း ဆုတံဆိပ် ငွေသားဆုကျပ်(၃)သိန်း၊ အမျိုးသမီး ပထမဆုရရှိသော တောင်ကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုကျပ်(၅)သိန်းတို့ကို တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသားအသင်းလိုက် ပူးတွဲတတိယဆုရရှိသော ကျိုင်းတုံအသင်းနှင့် တာချီလိတ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၂)သိန်းစီတို့ကို ပြည်နယ်စီးပွားရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသား ဒုတိယဆုရရှိသော နမ့်ခမ်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၃)သိန်း၊ ပထမဆုရရှိသော တောင်ကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၅)သိန်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးမှလည်းကောင်း၊ အမျိုးသမီး၊ အမျိုးသားအကောင်းဆုံး အားကစားသမား ဆုရရှိသူများကိုပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှလည်းကောင်း၊ အမျိုးသမီး၊ အမျိုးသား တံခွန်စိုက်ဖလားရရှိသော တောင်ကြီးအသင်းအား တံခွန်စိုက်ဖလားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က အသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment