မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 





MNP - ဇူလိုင်  ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်၇နာရီက မောက်မယ်-လင်းခေး ကားလမ်းဘေး၊ လျောင်းတော်မူဘုရားတည်ရာ တောင်ပတ်ဝန်းကျင်နှင့် အတက်လမ်း၌ ၂၀၂၂−၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။


မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျော့ချနိုင်စေရန်၊ ဂေဟစနစ်ဖွံ့ဖြိုးခိုင်မာစေရေးအတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သတ်မှတ်နေရာအသီးသီးတွင် တက်ရောက်ကုသိုလ်ယူ စိုက်ပျိုးကြသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းနီ(၅၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ သပြေဘူတ(၃၀)ပင်၊ ရေတမာ(၃၀)ပင်၊ ရေသင်းဝင် (၅၀)ပင်၊ ဗန်ဒါ(၃၀)ပင်၊ စုစုပေါင်း( ၂၄၀)ပင် စုပေါင်းကုသိုလ်ယူ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  


သတင်း - စိုင်းမျိုးသန့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)