ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဆိုအာဘေး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဆိုအာဘေး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့


MNP ၊ ဇူလိုင်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့၊ ဂျပန်နိုင်ငံ၊ နာရာမြို့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံရေးအခမ်းအနားတစ်ခု၌ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး တက်ရောက်မိန့်ခွန်း ပြောကြားနေစဉ် အကြမ်းဖက်သူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုခံခဲ့ရကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံအနေဖြင့် များစွာအံ့သြဝမ်းနည်း တုန်လှုပ်မိကြောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားကြောင်း သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ သဘောထားကို ထုတ်ပြန်ပြောဆိုထားရာ မြန်မာနိုင်ငံအနေဖြင့် များစွာအံ့သြဝမ်းနည်း တုန်လှုပ်မိပါကြောင်း၊ လုပ်ကြံမှုကိုလည်း ပြင်းထန်စွာရှုံ့ချပါကြောင်း၊ မစ္စတာ ရှင်ဆိုအာဘေး သည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းဖြစ်သကဲ့သို့ မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်ပါကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ များစွာ ဝမ်းနည်းရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်သည့် အကြမ်းဖက်ပုဂ္ဂိုလ်၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ပြင်းထန်စွာရှုံ့ချကြောင်း ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)