မအီမြို့တွင် ဝါဆိုလပြည့်နေ့ အရုဏ်ဆွမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဝါဆိုလပြည့်နေ့ အရုဏ်ဆွမ်းလောင်းလှူ







MNP ၊ ဇူလိုင်  ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်စေတနာရှင်လူငယ်များစုပေါင်း၍ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့နံနက် အရုဏ်တက်ချိန်က အဆိုပါ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်-မအီလမ်းမပေါ်၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြသည်။


‌ထိုသို့ အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဝါတွင်းကာလ ၁၃ ပတ်လုံး ဥပုသ်နေ့တိုင်းတွင် မအီမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ သံဃာတော်အပါး(၆၀)ခန့်တို့အား လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ဆွမ်းချက်ရန်နှင့် အခြားကိစ္စရပ်များအတွက် မတည်ငွေကို ဆွမ်းလောင်းအသင်းသူ/အသင်းသားများက ထည့်ဝင်မတည်ငွေနှင့် ယခင်နှစ်က လက်ကျန်ရန်ပုံငွေများ၊ အလှူခံရရှိငွေများဖြင့် အသုံးပြုဆောင်ရွက်ပါကြောင်း၊ ဥပုသ်နေ့ရောက်လာတိုင်းလည်း စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ကဏ္ဍပ်အလိုက် လာရောက်လှူဒါန်းကြသည်ဖြစ်၍ အရုဏ်ဆွမ်းကို  လုံလောက်ပြည့်စုံစွာ လောင်းလှူနိုင်ဖို့ရန်အတွက် စိုးရိမ်ဖွယ်မရှိပါကြောင်း၊ အရုဏ်ဆွမ်းလောင်းအသင်း(မအီ)အနေဖြင့် ယခုနှစ်တွင် တတိယအကြိမ်မြောက် ကုသိုလ်ပြုလောင်းလှူခြင်း ဖြစ်ပါကြောင်းတို့ကို အဆိုပါ ဆွမ်းလောင်းအသင်းကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)