MNP - ဇူလိုင် ၁၉
သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့တော်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မသာရ အမှူးပြုသည့် သံဃာတော်(၅)ပါးတို့အား ဩကာသကန်တော့ ကျိုးဖြင့် ညီညာဖြဖြကန်တော့ကြပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ပရိတ်တရားတော်များ နာယူခဲ့ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်တို့အား သင်္ကန်း နှင့်တကွ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှူအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြ သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက မြို့တော်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မသာရအမှူးပြုသည့် သံဃာတော် (၅)ပါးတို့အား (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment