MNP - ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်များ ပင့်ဆောင်၍ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပေါက်တောမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ယနေ့ နံနက် (၉)နာရီကပြုလုပ်သည်။
ရှေ့ဦးစွာ ကြွရောက်လာသော ပေါက်တောမြို့ ဓါတ်တောင်ဆရာတော်ဘုရားထံမှ လူပရိတ်သတ်များက ငါးပါးသီလခံယူကြသည် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များက အလှူငွေများ ဆက်ကပ်ကြလျက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ လှူဖွယ်ပစ္စည်းအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်ဌာဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment