၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ




MNP - ဇူလိုင်  ၂၄


ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများသည် ပုသိမ်မြို့ရှိ အထင်ကရ နေရာများသို့ ယနေ့ညနေပိုင်းက သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။


ဦးစွာကျောင်းသား၊ ကျောင်းသူများသည် ပုသိမ်မြို၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီး အာရုံခံတန်ဆောင်းရှိရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ထူးချွန်ကျောင်းသား၊ ကျောင်းသူ မောင်မယ်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလှည့်ကျသဘာပတိ ဦးဌေးဝင်းက မိတ်ဆက်စကားများ ပြောကြားကာ ဂေါပကအဖွဲ့ဝင် ဦးစန်းငွေက စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းနှင့် စိတ်ဝင်စားဖွယ်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံသို့ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင် ဘုရားပုံတော်များအား ပြန်လည်ပေးအပ်ခဲ့ကာ ကျောင်းသား၊ကျောင်းသူ မောင်မယ်များ၏ကိုယ်စား အုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားပြီး ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများသည် ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများထည့်ဝင် လှူဒါန်းခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့လည်းကောင်း၊ မရမ်းချောင်းကျေးရွာ ရေပေးဝေရေးစီမံကိန်းသို့လည်းကောင်း အသီးသီးသွား ရောက်လေ့လာခဲ့ပြီး သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)