ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ လေထိုးလေအောင့်နှင့် အစာမကြေရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ လေထိုးလေအောင့်နှင့် အစာမကြေရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်



MNP - ဇွန်  ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လေထိုးလေအောင့်နှင့် အစာမကြေရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရီက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်  တိုင်းရင်းဆေးမှူး ဒေါ်မျိုးမျိုးသန့်က လေထိုးလေအောင့်ရောဂါနှင့် အစာမကြေရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် ပြုစုကုသနည်းများတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။


ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိဖွယ် အကြောင်းအရာများကို ရွေးချယ်၍ ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်ပြီး အသိပညာ‌ပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ကြောင်း သိရသည်။


သတင်း - မိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)