ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းများစတင်ရိတ်သိမ်း မိုးဦးမိုးရွာသွန်းမှု အားကောင်းသဖြင့် အသီးသီးနှုန်းအားကောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းများစတင်ရိတ်သိမ်း မိုးဦးမိုးရွာသွန်းမှု အားကောင်းသဖြင့် အသီးသီးနှုန်းအားကောင်း

 




MNP - ဇူလိုင်   ၂၄


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာများရှိ မိုးကြိုနှမ်းစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်း စတင်ရိတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှု အားကောင်းသောကြောင့် အပင်အသီး ဖြစ်ထွန်းမှုအားကောင်းကြောင်းနှင့် ရောင်းချသည့်အချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း မိုးနှမ်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။


ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် မိုးနှမ်းကို ယခင်နှစ်ကထက် စောစီးစွာစိုက်ပျိုးခဲ့ကြောင်း၊ မိုးနှမ်း စိုက်ပျိုးချိန်မှစတင်၍ မိုးရေချိန်၊ အပူအအေးမျှတသဖြင့် အပင်၊ အပွင့်နှင့်အသီးဖြစ်ထွန်းမှု အားကောင်းခဲ့ကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။


"မိုးနှမ်းကို ဧပြီလနောက်ဆုံးပတ်က စတင်ကြဲပက်စိုက်ပျိုးပါတယ်၊ ခုနှစ်မိုးဦးကောင်းတော့ အသီးသီးနှုန်းအားကောင်းတယ်၊ ပိုးသတ်ဆေးနဲ့ အပင်အားဆေးတို့တော့ ဝယ်ယူအသုံးပြုရတာပေါ့၊ နှမ်းမျိုးကတော့ စမုံနက်မျိုးကိုစိုက်ပါတယ်၊ တချို့လည်းနှမ်းနီမျိုးကို စိုက်ကြတယ်၊ နှမ်းတစ်တင်းဈေးနှုန်းက ပထမရောင်းတဲ့သူတွေ ကျပ် ၈၀၀၀ဝိ/-၈၅၀၀ဝိ/ ထိဈေးရကြတယ်၊ ခုပေါက်ဈေးကတော့ ကျပ် ၇၀၀၀ဝိ/လို့ သိရပါတယ်၊ ကုန်သည်တွေကတော့ ရွာအရောက်လာရောက်ဝယ်ယူတာတွေရှိပါတယ်၊ ရောင်းချရသည့်ည့်အချိန်တွင် ဈေးကောင်းရရှိဖို့ မျှော်လင့်ကြောင်း " တာကောက်ကျေးရွာ မိုးနှမ်းစိုက်ပျိုးသည့်တောင်သူ ဦးစိုးလွင်ကပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မိုးမြေပဲနှင့်နေကြာများကို ယခုနှစ်တွင်တိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)