ကျောက်ဆည်မြို့တွင် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲနှင့် မြို့နယ်စာရေး ဆရာများအသင်း မျက်နှာစုံညီအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့တွင် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲနှင့် မြို့နယ်စာရေး ဆရာများအသင်း မျက်နှာစုံညီအစည်းအဝေး ကျင်းပ

 



MNP - ဇူလိုင်  ၂၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက သက်ကြီးစာပေ ပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲနှင့် မြို့နယ်စာရေးဆရာများအသင်း မျက်နှာစုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယကဦးကျော်ဝင်းနိုင် (မွန်းဇူး)က မြန်မာနိုင်ငံစာရေး ဆရာအသင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ နာယကဂုဏ်အင်္ဂါရပ် များအကြောင်း၊ စာရေးဆရာများအနေဖြင့် စာပေလုပ်ငန်းများလုပ်ဆောင်ရာတွင် ညီညီညွှတ်ညွှတ်နှင့် ရိုးရိုးသားသား လုပ်ဆောင်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံက ချမှတ်ထားသော ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ရေး၊ ၂၀၁၉-၂၀၂၀ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော အသင်းဝင်များ၏ သား/သမီးများရှိပါက ပညာရည်ချွန်ဆု ချီးမြှင့်နိုင်ရေး ကိုယ်ရေးအချက်အလက်များ စုဆောင်းပေးပို့နိုင်ရေး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးမှ ကျင်းပပြုလုပ်မည့် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲတက်ရောက်နိုင်ရန် စီစစ်ရွေးချယ် ပေးပို့ရေး ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး  မြို့နယ်စာရေးဆရာများအသင်းတွင် လစ်လပ်လျက်ရှိသည့် အလုပ်အမှုဆောင်များအား ပြန်လည်ရွေးချယ်တင်မြှောက်၍ အသင်းဝင်အင်အားစာရင်း အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ သစ္စာအဓိဌာန်ရွတ်ဆိုကာ ဘဏ္ဍာရေးမှူး ဒေါ်ခိုင်ဆွေထွန်း (ချောယဉ်မင်း)က ဘဏ္ဍာရေး ဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့ကာ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များမှ မြို့နယ်အတွင်းရှိ အသက်(၇၅)နှစ်အထက် ကန့်တော့ခံစာရေး ဆရာကြီး/ ဆရာမကြီးများဖြစ်သော ဆရာမွန်းဇူး၊ ဆရာကျော်ညိုလွင်၊ ဆရာရွှေထွန်းကိုကို၊ ဆရာမမေသွယ်(ကိုးမြေ)၊ ဆရာမခင်မေသစ် (ကျောက်ဆည်)တို့အား ကန်တော့ငွေများနှင့် ပူဇော်ကန်တော့ခဲ့ရာ ကန့်တော့ခံစာရေး ဆရာကြီး/ ဆရာမကြီးများမှ မုဒိတာစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)