မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

 



MNP - ဇူလိုင်   ၂၄


မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီး မြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ပါသည်။


အဆိုပါ စစ်တုရင်ပြိုင်ပွဲ ဆုချီးပွဲတွင် မွန်ပြည်နယ် (၁၀) မြို့နယ်မှ တစ်ဦးချင်းစီနှင့် အသင်းအလိုက်ပြိုင်ပွဲတွင် အမျိုးသား/သမီး တစ်ဦးချင်းစီ တတိယဆုရ အားကစား သမားအား ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ ဒုတိယဆုရသည့် ပြိုင်ပွဲဝင်အသင်းအား ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးကလည်း‌ကောင်း၊ ပထမဆုရရှိသူ ပြိုင်ပွဲဝင်အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကလည်းကောင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါ (၁၀) မြို့နယ် အသက် (၁၈) နှစ်အောက် အမျိုးသား၊  အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓါတ်ရေးရာမြင့်မားစေရေး ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအပြင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် လိုအပ်သည်များကို အဖက်ဖက်မှ ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)