ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး



MNP - ဇူလိုင်  ၂၄


ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်  ၉ နာရီအချိန်  ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီအဖွဲ့တို့မှ  (၄) မိုင်ဈေးရှိ ဈေးရောင်းချသူများအနေဖြင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါ ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြိမ်းသတ်မှုများ၊ မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာမီးသတ်ဦးစီးဌာနသို့ အကြောင်းကြားစေလိုကြောင်း၊ လက်ဖက်ရည်ဆိုင်ရောင်းချသူ ဆိုင်ပိုင်ရှင်များအနေနဲ့ မီးကို စနစ်တကျအသုံးပြုရေး၊ မီးကြွင်းမီးကျန် များအား သေချာစွာမီးငြိမ်းသတ်ကြရန်နှင့် မီးလောင်မှုဖြစ်ပွားနေစဉ် ရှေးဦးမီးသတ်ဆေးဘူးဖြင့် မီးငြိမ်း သတ်တတ်စေရန် ဈေးသူ၊ ဈေးသားများအား ရှင်းလင်းပြောကြားပြီး ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံး၊ ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများ အလွယ်အတူအသုံးပြုနိုင်ရန် အဆင်အသင့်ဆောင်ရွက်ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန်၊ ဈေးအတွင်းလှည့်လည်ကြည့်ရူ စစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)