မော်လမြိုင်ကျွန်းမြို့ တွင် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့ တွင် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနိုင်းဆွေးနွေးပွဲ ကျင်းပ





MNP ၊ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်စည်ပက်သာယာရေးအဖွဲ့မှမြို့သန့်ရှင်းသာယာလှပရေးအတွက်ညှိနှိုင်းဆွေးနွေးပွဲကိုဇူလိုင် (၈)ရက်နေ့လည်(၂)နာရီက မော်လမြိုင်ကျွန်းမြို့မော်ဧရာခန်းမဆောင်၌ကျင်း ပသည်။

ယင်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟဇော်က မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့်ပတ်သတ်ပြီးရှင်းလင်းတင်ပြသည်။(ပုံ)

ယင်းနောက်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းထက်မှူးက မော်လမြိုင်ကျွန်းမြို့သန့်ရှင်းသာယာလှပရေးကိဟ္စရပ်များကို၎င်းရှင်းလင်းတင်ပြသည်။ ထို့နောက်  မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးအမူ့ဆောင်အရာရှိ ဦးမင်းဇော်က မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်မူ့များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက မြို့သန့်ရှင်းသာယာလှပရေးအတွက်အကြံ ပြုဆွေးနွေးတင်ပြကြပြီး ဆက်လက်၍ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ချက်မျာဖြစ်သောလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


သတင်း - ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)