MNP ၊ ဇူလိုင် ၉
မော်လမြိုင်မြို့ ဦးခန္တီဘုရား နှင့် ဦးဇီနဘုရား စောင်တန်း လမ်းတစ်လျှောက် စုပေါင်း သန့်ရှင်းရေးဆောင် ရွက် ခြင်း ကို ဇူလိုင်လ ၉ ရက် နေ့နံနက် ပိုင်းက ပြုလုပ် ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှူ အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင် ရာ အဖွဲ့ အစည်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ ဝင် ၊ လူမှုရေးအသင်းအဖွဲ့ များ ၊ NGOများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း အင်အား ၄၃၀ ခန့်သည် ဉီးခန္တီ ဘုရားကြီးနှင့် ဦးဇီန ဘုရား တောင်ရိုးတန်း လမ်း တစ်လျှောက် သစ်ပင် ခြုံနွယ် ပိတ်ပေါင်းများ၊ ခုတ် ထွင်ရှင်း လင်းခြင်း၊အမှိုက်များကောက်ယူ ရှင်းလင်းခြင်း သစ်ပင်သစ် ကိုင်း များရှင်း လင်း ခြင်း လျှပ်စစ်ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် ကြီး များအား လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်းဝန်ထမ်း များက ကရိန်း ကားကြီးများ နှင့်တက်ရောက် ခုတ်ထွင်ရှင်းလင်းဆောင်ရွက် နေမှုအားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်များကလိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မော်လမြိုင်မြို့နယ် တောင်ရိုး တန်းလမ်းသည် အများပြည် သူ များ စိတ်အပန်းဖြေ လာ ရောက်သည့် နေရာဒေသ ဖြစ် ကြောင်း၊ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ပုထိုးများ စုံရာနေရာ ဖြစ်ခြင်း၊ ကျန်းမာရေး လိုက် စားသူများ အနေဖြင့် ကိုယ် လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊တောင်ရိုး တန်းလမ်းတစ်လျှောက် လမ်း လျှောက်ခြင်း များ၊အသက်ရှူ လေ့ကျင့်ခန်းများ လာရောက် ဆောင်ရွက်ကြ သည့်အတွက် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပပြီး လေကောင်းလေသန့် များရှူရှိုက်ရာတွင်ကောင်းမွန် စေရေး အလေးထား ဆောင် ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ရေစီးရေလာကောင်းမွန်ရေး၊ရေ နုတ်မြာင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်တာဝန် ရှိသူများအား လမ်းညွှန်မှာ ကြား ခဲ့ကြောင်း သိရှိရသည်။
သတင်း - ခင်စန်းမြင့်
https://t.me/MyanmarNationalPost




No comments:
Post a Comment