ကမာရွတ်မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Tallk Show ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမာရွတ်မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Tallk Show ကျင်းပပြုလုပ်

 



MNP - ဇူလိုင်   ၉


 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ဇူလိူင်(၁၉)  ရက်နေ့တွင် ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို  အသိပညာပေး Talk  Show ကို ယနေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး  Talk  Show  တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့အကြောင်း အသိပညာဗဟုသုတရရှိစေရန် မေးမြန်းခဲ့ရာ စာရေးဆရာမ ပေါက်ပေါက်က အာဇာနည်ရဲ့အဓိပ္ပာယ်၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်ရဲ့အမှာစကား၊ စတဲ့အကြောင်းအရာများကို မျိုးဆက်သစ်လူငယ်တွေ သိရှိစေဖို့ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)