မိုင်းလုံမြို့တွင် ဝက်မြေဥကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် ဝက်မြေဥကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ်စိုက်ပျိုး



MNP - ဇူလိုင်   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်းရှိ ရေရရှိသောခြံများတွင် ဝက်မြေဥကို တပိုင်တနိုင်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးရာတွင် အရင်နှစ်ကဝက်မြေဥအချို့ကို မျိုးထားပြီး ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးရာတွင် ပျိုးထောင်မည့်မြေကွက်ကို စနစ် တကျပေါင်းရှင်း  အကွက်ဖော်ပြီး မျိုးစေ့များကိုအတန်းလိုက်စီကာ ‌ မြေနှင့်နွားချီးများရော၍ မျိုးစေ့ပေါ်တွင်ဖုန်းပြီး စိုက်ပျိုးကြကြောင်း၊  နယုန်လဆန်းပိုင်းတွင်စတင်ပျိုးထောင်ပြီး ဝါဆိုလဆန်းပိုင်းတွင် ပြောင်းရွှေ့စိုက်ပျိုးကြကြောင်း၊ တန်ဆောင်မုန်းလတွင် တူးယူ၍ရကြောင်းနှင့် တစ်ပြည်ကို(၅၀၀) ကျပ်ခန့်ရရှိကြောင်းကို မိုင်းလုံမြို့ အလယ်ရပ်ကွက်နေ ဝက်မြေဥစိုက် တောင်သူတစ်ဦးထံမှ သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)