MNP - ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းချိန်က အမှတ်(၅)ရပ်၊ စည်ပင်သာယာရပ်ကွက်အတွင်း ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ တူထပ်စွာ ပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရံမီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်လျှော့များရှိ မိုးရေဝင်ရောက်နေ နိုင်သည့်တာယာ ကွင်းများအား ဝင်ရောက်နေသည့် ရေများကို သွန်ပစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ငြိပေါက် ပွားနိုင်သည့် ပိုးလောက်လမ်းများအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရံမီးသတ်တပ်ဖွဲ့ ပရဟိတသမားများသည် လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူများအား အမှတ်(၅) အရန် မီးသတ်တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ယူခြင်း၊ ထိစပ်သူများအား ခေါ်ယူခြင်း နှင့် ပြန်လည်ပို့ဆောင်ခြင်းများအား ကူညီဆောင်ရွက်ပေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေထိုင်သည့် နေရာများ ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ ဌာနဆိုင်ရာရုံး အဆောက်အအုံများအား ဆေးဖျန်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ မည်သည့် နေရာမဆို အကူ အညီပေးနေသည့် အမှတ်(၅) အရံမီးသတ်တပ်ဖွဲ့ဖြစ်ကြာင်း၊ တစ်မြို့နှင့် တစ်မြို့ လူနာ ပိုဆောင်ခြင်းလုပ်ငန်းများကိုလည်း နေရာ၊ ဒေသ၊ အချိန်နာရီ မရွေးကူညီဆောင်ရွက်ပေးနေကြောင်း ညောင်ဦး မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment