လေးမျက်နှာမြို့နယ်အထက-ခမောက်စု အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်အထက-ခမောက်စု အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - ဇူလိုင်   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက-ခမောက်စု အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးတင်ရွှေတို့မှ လူငယ်များအသိပညာ ဗဟုသုတရရှိစေရန် စာအုပ်စာပေမှ တစ်ဆင့် ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်များ ဖြစ်သည့်အခါ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် လိုအပ်ကြောင်း ဟောပြောခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လေးမျက်နှာ မြို့နယ်ရုံးမှ အားကစားမှူး ဦးတေဇာမျိုးက လူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော ကာ အထက-ခမောက်စု အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ယဉ်မြတ်မွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ရုံးမှ အားကစားမှူး ဦးတေဇာမျိုးက အားကစား ပစ္စည်းပေးအပ်ရာ အထက-ခမောက်စုအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မြတ်မွန်မှ လက်ခံရယူခဲ့ပြီး Physical Fitness Dance သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။


အခမ်းအနားသို့ အထက-ခမောက်စု အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)