ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရ တမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရ တမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ

 


MNP - ဇူလိုင်   ၂၃


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ဇချမ်းကုန်း အခြေခံပညာ အထက်တန်းကျောင်း-ခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရတမာပင်များစုပေါင်းစိုက်ပျိုးပွဲကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှုးဦးရဲမြင့်သန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများပူးပေါင်း၍ အင်အား(၂၂၅)ဦးတို့က  အမြင့်(၂) ပေနှင့်အထက် တမာပင် (၁၀၀၀)အား  သတ်မှတ်ထားသောနေရာ များတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။


သတင်း - ဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)