မယ်စဲ့မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မယ်စဲ့မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



MNP - ဇူလိုင်  ၂၃


ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ဒေသအတွင်း အပူပိုင်းစိမ်းလန်းစိုပြည်စေရေးအတွက် သစ်တောထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူအများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသယံဇာတအရင်း အမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မယ်စဲ့မြို့အဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ဒေသအတွင်း အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအဖြစ် တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရေး၊ လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပြောကြားပြီး စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအောင်ခိုင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများထံ ပေးအပ်ခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက သတ်မှတ်ထားသည့် နေရာများ၌ ကျွန်း ၂၀၀၊ စိန်ပန်း ၅၀၊ လျှော်ဖြူ ၅၀၊ စုစုပေါင်း ပျိုးပင် ၂၀၀ တို့ကို စုပေါင်း စိုက်ပျိုးကြ သည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့မပျိုးဥယျာဉ်တွင် လျှော်ဖြူ၊ ကျွန်း၊ စိန်ပန်း၊ မဲဇလီ၊ ပနားမားငု စသည့် ပျိုးပင်ပေါင်း အပင် ၁၀၀၀၀ ခန့် ပျိုးထောင်ထားပြီး လမ်းဘေးဝဲယာ စိုက်ပျိုးခြင်းနှင့် လူထုလှုပ်ရှားမှုဖြင့် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း တောခေါင်း ဦးအောင်ပြည့်စုံထံမှ သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)