ချင်းပြည်နယ်ဝန်ကြီးချုပ် ဟားခါးမြို့ တော်လှန်ရေးရေကန် ပန်းခြံ ၊ Hakha View Point ၊ ဂေါက်ကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင် စသည့်နေရာများ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဟားခါးမြို့ တော်လှန်ရေးရေကန် ပန်းခြံ ၊ Hakha View Point ၊ ဂေါက်ကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင် စသည့်နေရာများ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအစည်းအဝေးသို့ တက်ရောက်




MNP - ဇူလိုင်   ၂၂


ချင်းပြည်နယ် ၊ ဟားခါးမြို့ တော်လှန်ရေးရေကန် ပန်းခြံ ၊ ဟားခါး−ဂန်ဂေါလမ်းပေါ်ရှိ View Point၊ မြို့သစ်ရပ်ကွက်ရှိ ဂေါက်ကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင် စသည့်နေရာများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် ဟားခါးမြို့တော်မှာရှိသည့် သမိုင်းဝင်နေရာဖြစ်သော တော်လှန်ရေးရေကန် အပါအဝင် အများပြည်သူစိတ်ဝင်စားသည့် နေရာများဖြစ်သည့် Hakha View Point၊ ဂေါက်ကွင်း နှင့် လွတ်လပ်ရေးကျောက်တိုင်တို့ကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး ဒေသခံ ပြည်သူများသာမက တစ်ခြား တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားသားများပါ လာရောက် အပန်းဖြေ အနားယူနိုင်သည့် နေရာဖြစ်စေရေး အဆင့်မြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု စေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဟားခါးမြို့သန့်ရှင်းသာယာလှပရေးကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက မြို့တော်အင်္ဂရပ်နှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်မည့် တော်လှန်ရေးရေကန် ပန်းခြံ၊  View Point၊ ဂေါက်ကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင် သန့်ရှင်းသာယာလှပရေးအတွက် ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းအတိုင်းအတာနှင့် ရန်ပုံငွေပမာဏအတည်ပြုချက် ရရှိပါက ကော်မတီဝင်အားလုံးက အမြန်ဆုံး ဝိုင်းဝန်းပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ ဟားခါးမြို့သန့်ရှင်းသာယာလှပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးက တော်လှန်ရေးပန်းခြံ၊ ဂေါက်ကွင်း ၊ View Point နှင့် လွတ်လပ်ရေးကျောက်တိုင် ပြုပြင်နိုင်ရေးအတွက် လျာထားချက်များ၊ ကုန်ကျမည့် ခန့်မှန်းရန်ပုံငွေ တွက်ချက်မှု၊ ဒေသပေါက်ဈေးနှင့် တွက်ချက်မှုအရ ခန့်မှန်းကုန်ကျငွေ၊ ရန်ပုံငွေလို အပ်ချက် ဆောင် ရွက်နိုင်မှုအခြေအနေနှင့် ဆွေးနွေးဆုံးဖြတ်ရန်အချက်များကို လုပ်ငန်းတစ်ခုချင်းစီအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဟားခါးမြို့သန့်ရှင်းသာယာလှပရေးကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင် ဆန်းတို့က ဆွေးနွေးတင်ပြရာတွင် ယခုဆောင်ရွက်ရန် တင်ပြသည့်နေရာများအနက် တော်လှန်ရေးပန်းခြံအား လုံလောက်သည့် မြေနေရာ ရရှိစေရေး ခရိုင်အုပ်ချုပ်ရေးမှူးပါဝင်သော ဌာနဆိုင်ရာအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်သွားစေလိုကြောင်း၊ တော်လှန်ရေးပန်းခြံမြေ နေရာ ထပ်မံတိုးချဲ့နိုင်ရေးအတွက် ပြန်လည်တင်ပြပေးစေလိုကြောင်း အကြံပြု ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။                                                                   


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)