MNP - ဇူလိုင် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးကြပ်၍ သဘာဝမြစ်ချောင်းကန်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မုခ်ဦးတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်က ငါးမျိူးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မျိုးသက်နောင်၊ အဖွဲ့ဝင် (၂) ဦးစိုးမြင့်ကျော် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ငါးကောင်ရေ ၅၀၀၀၀၀ ကိုမှော်ဝန်းချောင်းရေပြင်တွင် စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment