မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်ရင်နှီးမြှုပ်နှံမှု ကော်မတီ (၂/၂၀၂၂)အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်ရင်နှီးမြှုပ်နှံမှု ကော်မတီ (၂/၂၀၂၂)အစည်းအဝေးတက်ရောက်

 



MNP - ဇူလိုင်  ၁၅   


မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ မွန်လွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပ ပြုလုပ်သည့် မွန်ပြည်နယ် ရင်နှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) အစည်းအဝေး တက်ရောက်ခဲ့သည်။ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက တိုင်း ဒေသကြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကောင်းမွန်သော စီးပွားရေး အခြေအနေများ ဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်း စက်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးပါသည့် အစိတ်အပိုင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ယနေ့အချိန်အထိ ခွင့်ပြုခဲ့သော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၈)ခု ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် သန်းပေါင်း ခြောက်သောင်းကျော်ရှိပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈)ခု အမေရိကန် ဒေါ်လာ ဆယ်သုံးသန်းကျော် ခွင့်ပြုပေးနိုင်ခဲ့ပြီး ပြည်တွင်းလုပ်သား (၃၁၇၃)ဦး ပြည်ပလုပ်သား (၁၅၀)ဦး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ M Rubber Company Limited က ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝရာဘာများအား သန့်စင်အဆင့်မြှင့်တင်ပြီး ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်း တင်ပြလာသည်ကို တွေ့ရသည့်အတွက် ကြိုဆိုပါကြောင်း၊ မွန်ပြည်နယ်သည် ရာဘာစိုက် ဧက (၅)သိန်းကျော်နှင့်နိုင်ငံ၏ ရာဘာစိုက်ဧကများစွာကို ပိုင်ဆိုင်ထားပြီး ရာဘာကုန်ကြမ်းများမှတစ်ဆင့် သန့်စင်အဆင့်မြှင့်တင်သည့် စက်ရုံမျိုး နည်းပါးသည့်အတွက် ရာဘာဈေးကွက်နိမ့်ကျရခြင်းဖြစ်ကြောင်း၊ ကိုဗစ်၁၉အလွန် နိုင်ငံတော်၏ မူဝါဒများအရ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်း တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးလျက်ရှိသလို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်၊၊


ဆက်လက်၍ မွန်ပြည်နယ် ရင်နှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၂) အစည်းအဝေးမှတ်တမ်းအား အတည်ပြု မှတ်တမ်းတင်ပြီး (၂/၂၀၂၂) အစည်းအဝေး ကိစ္စရပ်များနှင့်ပက်သက်၍ ပြည်နယ် ရင်နှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ် ရင်နှီးမြှုပ်နှံမှု ကော်မတီဝင်များက ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်၊၊


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)