မိုင်းကိုင်မြို့နယ် မင်္ဂလာသုဝဏ္ဏကျောင်းခမ်း ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ် မင်္ဂလာသုဝဏ္ဏကျောင်းခမ်း ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြု





MNP - ဇူလိုင်  ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာသုဝဏ္ဏ ကျောင်းခမ်းဘုန်းတော်ကြီးကျောင်း၌  ယမန်နေ့မနက်  ၇ နာရီက နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် လုပ်သားပြည်သူများ စုပေါင်းကာသန့်ရှင်းရေးလုပ်အားဒါနများ ပြုလုပ်ခဲ့ကြသည်။


အဆိုပါဆောင်ရွက်မှု၌ ဝါတွင်းကာလ ဗုဒ္ဓဘာသာဝင်များ ကောင်းမှုပြုသိုလ်ပြုရာ ဘုန်းတော်ကြီးကျောင်းများတွင်  သန့်ရှင်းသာယာလှပ၍ ဗုဒ္ဓသာသနာတော်ထွန်းကားရေး၊ သာသနာပြု လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရေးအတွက် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ  ချုံနွယ်များ၊ ပေါင်းမြက်များကို  ခုတ်ထွင်ရှင်းလင်းခြင်း၊  ကျောင်းဆောင်များအတွင်း  အမှိုက်သရိုက် များ၊ စေတီတော်အနီးတဝှိက်ရှိ  အုတ်ဟောင်းများ၊ သစ်ဆွေးများအား ရှင်းလင်းခြင်း၊ မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့က  အမှိုက်ကားများဖြင့်  သယ်ယူစွန့်ပစ် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့  အမှတ်(၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးကျော်နိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့်အဖွဲ့ဝင်များက  ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)