ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကပ်လှူခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကပ်လှူခြင်းအခမ်းအနားကျင်းပ






MNP - ဇူလိုင်   ၁၀


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရေတာရှည်တပ်နယ်မှ အရာရှိ စစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆွမ်းကွမ်းခက်ခဲသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့ဦးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာနိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မြို့ဦးကျောင်းဆရာတော် ဥူးဇောတိကထံမှ ငါးပါးသီလ ခံယူကာ တပ်နယ်မှူးဗိုလ်မှူးကြီး သန်းလှိုင်ဝင်းမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။


အဆိုပါအခမ်းအနားသို့ ရေတာရှည် တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)