MNP - ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နေ ပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၂-၂၀၂၃ ခုနှစ်၌ မိုးစပါးဧကပေါင်း ၆၅၄၅ ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ဇွန် ၃၀ ရက်နေ့ အထိ စာရင်းများအရ သိရသည်။
ယခုနှစ် မိုးစပါးများစိုက်ပျိုးရာတွင် မိုးကောင်းရေသောက်စနစ်ဖြင့် စိုက်ပျိုးကြရာ လယ်စပါး (၃၅၈၀) ဧက၊ ယာစပါး (၁၈၆၅)ဧကနှင့် တောင်ယာစပါး(၁၁၀၀)ဧကရှိ၍ စုစုပေါင်း မိုးစပါးစိုက်ပျိုးမှု (၆၅၄၅)ဧက စိုက်ပျိုးပြီးစီးထားကြောင်းနှင့် နိုဝင်ဘာလ ပထမအပတ်တွင် ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစဌေးဝင်းနှင့် ဝန်ထမ်းများက တောင်သူများနှင့် အနီးကပ်ပူးပေါင်း၍ မြေမှန်၊ မျိုးမှန်၊ ရာသီမှန် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိလယ်မြေနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် မိုးစပါးမျိုးသန့်စံပြကွင်း၌ မျိုးကွဲနုတ်ပယ်ခြင်း၊ သွင်းအားစုများ ကြဲပက်ခြင်း၊ ပိုးသတ်ဆေးကို အချိန်မီဖြန်းနိုင်ရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ကွင်းဆင်းဆောင်ရွက်ပြီး မိုးစပါးအထွက်နှုန်း ကောင်းစေရေးအတွက် ရှင်းလင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်း - ယဉ်ယဉ်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment