MNP ၊ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး စဉ့်ကူးမြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော် ဦးဝရသာမိ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ဆရာတော် အရှင်သူမြတ် ( ၅) ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စုပေါင်းကပ်လှူခဲ့ကြသည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော်က အနုမောဒနာတရား ချီးမြှင့်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ထို့နောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာကြွရောက်လာသူများအား နံနက်စာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment