စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် လူနေအိမ် (၂) လုံး ရေဘေးလွတ်ရာသို့ရွှေ့ပြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် လူနေအိမ် (၂) လုံး ရေဘေးလွတ်ရာသို့ရွှေ့ပြောင်း




MNP ၊ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာအုပ်စု၊ ဘုံသာကုန်းကျေးရွာတွင် ယနေ့နံနက် ၇ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကမ်းပါးအနီးတွင် နေထိုင်သော လူနေအိမ်(၂)လုံး ကြိုတင် ရွှေ့ပြောင်းခဲ့ရသည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ်(၂)လုံး၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ငွေကျပ် ၄၀၀၀၀၀ ဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်း ပေးခဲ့ရကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုဆုံးရှုံးမှု မရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)